What's new

×

Warning

JUser: :_load: Unable to load user with ID: 845


`Jean Jacket တွေကို အထာကျအောင် ဘယ်လိုတွဲစပ် ဝတ်ဆင်မလဲ´

 တော်တော်များများကတော့ ခရီးတွေသွား၊ ကိုယ့်မြို့လေးတွေဆီ အလည်ပြန်ကြရင်း

သီတင်းကျွတ်အားလပ်ရက်ကို ကုန်ဆုံးဖြစ်ကြတာ တွေ့ရတယ်နော်။ ကဲ မေသော်လည်း သီတင်းကျွတ် အားလပ်ရက်လေး မှာ ချစ်တို့အတွက် စာတွေရေးပေးဖို့ အားပြန်မွေးဖြစ်တယ်။ ခေးမေဆိုတော့ အချိန်က အရင်ထက် ရှားသွားတာကိုးနော်။ ဒီတစ်ခါတော့ jean jacket ခပ်ပွပွကြီးတွေကို ဘောင်းဘီတို၊ စကတ် ဂါဝန်စတာတွေနဲ့ မတွဲပဲ ရာသီဥတုလေးနဲ့ လိုက်ဖက်စွာ ဘောင်းဘီရှည်နဲ့ပဲ တွဲမယ်ဆိုရင် ဘယ်လိုတွဲစပ်မှုမျိုးတွေက အထာကျမလဲဆိုတာ ရေးသားပေး လိုက်ရပါတယ်။

Grunge ဖက်ရှင်ဘက် ပိုသွားတဲ့ ဒီအတွဲအစပ်တွေက ဟိုးအရင်တုန်းက ဖက်ရှင်မျိုးတွေ နှစ်ခြိုက်တဲ့ ပျိုမေတွေ၊ ကိုယ့်ဖက်ရှင်က သူများနဲ့ကွဲထွက်ချင်တဲ့ ချစ်တို့အတွက် အဆင်ပြေစေပါလိမ့်မယ်။

တကယ်တော့ Jean jacketနဲ့ ဘောင်းဘီရှည်တွဲဝတ်တာ ဘာဆန်းသလဲလို့ ထင်နိုင်ဖွယ်ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီအတွဲအစပ်ကို ပြည့်စုံသွားအောင် အဓိကအားဖြင့် ကိုယ်ရွေးချယ်မယ့် ဖိနပ်က အားဖြည့်ပေးတယ်ဆိုတာပါပဲ။ ဖြစ်နိုင်ရင် underground boot၊ ankle boot၊ sneaker စတာတွေကို ဦးစားပေး ရွေးချယ်စေချင်ပါတယ်။

jean jacketနဲ့ တွဲဝတ်မယ့်ဘောင်းဘီကိုတော့ အများအားဖြင့် skinny jean အနက်ကို ရွေးချယ်တာ များပါတယ်။ အနက် မဟုတ်ရင်လည်း အပြာကိုပဲ ရွေးနိုင်ပါတယ်။ အောက်က ပုံတွေထဲမှာဆိုရင် စတိုင်ဘောင်းဘီနဲ့ တစ်မျိုး၊ boyfriend jean နဲ့တွဲဖက်ဝတ်ဆင်ထားတာကို မြင်ရမှာပါ။

ပိုမိုဆန်းသစ်တဲ့ ဖက်ရှင်မျိုးအတွက် ရှပ်အကျီပေါ်မှာ jean jacket ထပ်ဝတ်ထားတာမျိုး၊ ခုနပြောသလို စတိုင်ဘောင်းဘီနဲ့ တွဲစပ်ဝတ်ထားတာမျိုး၊ အောက်က ဘောင်းဘီကို ဂျင်းအပွ ဒါမှမဟုတ် boyfriend jean ကို အောက်နားခေါက်ဝတ်တဲ့ ပုံစံက ချစ်တို့ကို အားလုံးငေးသွားစေပါလိမ့်မယ်။ ကိုယ်က အရပ်ပုတယ်ဆိုရင်တော့ ဘောင်းဘီကို skinny jean ပဲ ရွေးဖို့အကြံပေးပါရစေ။

ကဲ ဒီလောက်ဆို ကိုယ့်အိမ်က jean jacketကို ဘယ်လိုအထာကျအောင် ဝတ်ရမယ်ဆိုတာ သိပြီပေါ့နော်။ ကိုယ့်မှာ jean jacket မရှိရင်လည်း အစ်ကိုတွေ၊ မောင်တွေ၊ ချစ်ချစ်တွေဆီက ယူဝတ်ပစ်လိုက်နော်။ 

Read 1067 times
Rate this item
(0 votes)